17
Feb

မော်တော်ကားလုံခြုံရေး

မော်တော်ကားကို လုံခြုံစေဖို့ ကားရပ်ထားပြီး ထားခဲ့တဲ့ အချိန်မှာ မမေ့မလျော့နဲ့ လုပ်ဆောင်သင့်တဲ့ အချက်တွေရှိပါတယ်။

ကားရပ်ထားပြီးရင် ကားသော့ဖြုတ် ကားပိတ်ပြီး ကိုယ်နဲ့မကွာ ယူဆောင်ခြင်း၊ စတီယာရင်ကို lock ချထားခဲ့ခြင်း၊ ခြေနင်းဘရိတ်(Parking Break) နင်းထားခြင်း၊ လက်ဆွဲဘရိတ် အသုံးပြုခြင်းတွေ ပြုလုပ်ထားခဲ့ပြီးမှ ကားထဲက ထွက်ခွါရမှာဖြစ်ပါတယ်။

မော်တော်ကား ရပ်နားထားတဲ့အချိန်မှာ ကားအခိုးမခံရစေဖို့ ဂရုတစိုက်လုပ်ဆောင်သင့်ပါတယ်။

ဆောင်းရာသီမှာ ကားကိုအတွင်းခန်း အနွေးဓာတ်ပေးထားခဲ့တာ ဒါမှမဟုတ် နွေရာသီမှာ ကားကိုအဲကွန်းဖွင့်ထားခဲ့တာမျိုးတွေကို ကားပေါ်မှာ စောင့်မယ့်သူမရှိဘဲ လေအေးစက်၊ လေနွေးစက်ဖွင့်ထားခဲ့တာမျိုးတွေ မလုပ်သင့်ပါဘူး။

ကားထဲကနေ မိနစ်ပိုင်းလောက် ထွက်ခွါရရင်တောင် lock ချ တံခါးပိတ်ပြီးမှ ထွက်ခွါသင့်ပါတယ်။

အလုပ်နဲ့ ပက်သက်တဲ့ အရေးကြီး စာရွက်စာတမ်း ပစ္စည်းကိရိယာတွေကို၊ ကားထဲမှာ ထားခဲ့တာမျိုး လုံးဝမပြုလုပ်သင့်ပါဘူး။ ကိုယ်နဲ့မကွာ ယူဆောင်သွားသင့်ပါတယ်။

လုံခြုံစိတ်ချရတဲ့ နေရာ ဒါမှမဟုတ် တရားဝင်ခွင့်ပြုထားတဲ့ နေရာမျိုးကို ရွေးချယ်ပြီး ကားကိုရပ်နားသင့်ပါတယ်။

ရန်ကုန်လို parking အခက်အခဲရှိတဲ့ နေရာမျိုးမှာတော့ အတတ်နိုင်ဆုံး အပေါ်မှာပြောထားတဲ့အတိုင်း ရွေးချယ်လုပ်ဆောင်သင့်ပါတယ်။