About

Who we are and What we do?

ကျွန်တော်တို့ ဝန်းရံခ ကား အရောင်းစင်တာကို (၂၀၁၁)ခုနှစ် နိုဝင်ဘာ လမှ စ၍ ကားလုပ်ငန်းလုပ်သက် ၁၅ နှစ်ခန့်ရှိသောသူငယ်ချင်းများနှင့် စုပေါင်းတည်ထောင်ခဲ့ပြီး (၂၀၁၂)ခုနှစ် ဒီဇင်ဘာလတွင် ကျုံးကြီးလမ်းနှင့် (၄) လမ်းဒေါင့်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

(၂၀၁၃)ခုနှစ် ဇန်နဝါရီ လမှ (၂၀၁၅)ခုနှစ် ဇန်နဝါရီ လအထိ အမှတ် (၈၄)၊ ( ပန်းလှိင်) အိမ်ရာအနီး ဟုမ်းလမ်း၌ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ယခုလက်ရှိ (၂၀၁၅)ခုနှစ် ဖေဖော်ဝါရီ လတွင် အမှတ် ၁ ဗဟိုလမ်း လှိုင်မြိနယ် (ဘူတာရုံ လမ်းနှင့် ပါရမီလမ်းကြား )တွင် ယခင်ထက်ပိုမိုကျယ်ဝန်းသော နေရာ၌ ကားအမျိုးအစားများစွာကို တစ်နေရာတည်း တွင် စုံလင်စွာကြည့်ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ထားပါသည်။

ကျွန်တော်တို့၏ “မှန်ကန်သောစေတနာ၊ ပြည့်ဝသောအရည်အသွေး၊ ထိုက်တန်သောဈေးနှန်း ၊ ကောင်းမွန်သောဝန်ဆောင်မှု” များဖြင့် ဆောင်ရွက်ပေးနေပါသည်။